ဇော်ဝင်းထွဋ် သိချင်းများစုစည်းရာ

““ပုံရိပ်စစ်””ဘလော့ဂါမှ သီချင်းနားဆင်ခြင်းဖြင့်အပန်းဖြေပါ.....


MusicPlaylistRingtones
Create a MySpace Music Playlist at MixPod.com

Friday, June 18, 2010

လွမ်းမောဖွယ် ညတစ်ည





:love: ကျွန်တော့်ရင်တွေ အရမ်းမွန်းကျတ်လာတယ်.....!
ခပ်ပျင်းပျင်းရှိတာရယ် ရင်ထဲမှာ အရမ်းမွန်းကျတ်လွန်းလို့ 
အဆောင် ကော်ရတာ ထောင့်လေးကိုဖြည်းညှင်းစွာနဲ့ 
ရင်ထဲမှာ အတွေးတွေ တပွေ့ တပိုက်နဲ့ လျှောက်လှမ်းလာခဲ့ မိတယ်.....!
ကော်ရတာ ထောင့်စွန်းမှာရှိနေတဲ့ ပြတင်းပေါက်တံခါးလေးကို
ကျွန်တော် ဖွင့်လိုက်မိပါတယ်.....!
ကျွန်တော့် ရင်ထဲမှာ လွမ်းမောမှုတွေ ရှိနေတယ်ဆိုတာ
ဖိုးလမင်းကြီး က သိနေသလားမသိဘူး.....!
ကျွန်တော့်ကို လှောင်ပြောင်နေတဲ့ အပြုံးလေးနဲ့ စီးကြိုနေပါရဲ့ .....
လမင်းကြီကို ကျွန်တော် စကားတစ်ခွန်းပြောလိုက်တယ်....
ငါ အရမ်းလွမ်းလို့ ပါ ဖိုးလမင်းကြီးရယ်လို့ ...
အဒီညက သူ ကျွန်တော့်ကို စိတ်ကောက်သွားတဲ့ နေ့ ပေါ့
ကျွန်တော်က အဝေးမှာ ဆိုတော့ ချစ်သူ ကို ချော့ချင်တိုင်းချော့လို့ မရတဲ့ ဘ၀မို့ 
အဝေးကနေ လွမ်းရုံသက်သက်သာ နေခဲ့ ရတဲ့ 
ကျွန်တော် ရဲ့ လွမ်းမောဖွယ် ညတစ်ညပေါ့ ...
ကျွန်တော် ရင်ထဲက အလွမ်းစကား
ချစ်သူသိပါစေ.............

♥♥♥ပုံရိပ်စစ်♥♥♥

Tuesday, June 15, 2010

¤ နောက်တယောက်မရှိနိုင်ဘူး ¤

 ““ပုံရိပ်စစ်””မှကြိုဆိုပါတယ်....        ““ပုံရိပ်စစ်””မှကြိုဆိုပါတယ်.... 


ကျွန်တော့်ရဲ့ အချစ်ဇာတ်လမ်းလေးပါ
ချစ်တာတွေပြောရတာအားမရလို့

တခါတလေမှာ ငါ့စကားလုံးတွေ

ကဗျာတွေအဖြစ်နဲ့ထွက်ကျ

မင်းကိုတမ်းတမ်းတတချစ်ခဲ့မိလို့

အဲ့ဒီကဗျာတွေဟာ ငါ့ဘ၀မှာ

ပထမဆုံးရူးသွပ်ခြင်း

လက်တွေ့အချစ်ကဗျာတွေပါ ချစ်သူ့  ။

မကြုံဖူးတာတွေက အသစ်အဆန်းဖြစ်နေလို့ 

ငါ့ဘ၀မှာ မင်းနဲ့တွေ့တောမှ

ထူးဆန်းနေရပြီပေါ့ ချစ်သူ

မင်းစကားတွေကကြည်လင်ရွှင်ပြ

ငါ့ကိုလည်း ပွင့်လင်းသပ

မင်းအပြုံးလေးတွေလည်း

ရဲရင့်နေဆဲပေမို့

မင်းပြုံးရီလိုက်တိုင်း

မင်းသွားလှလှလေးတွေက ဖွေးအုနေဆဲပဲ့  ။

ဒီဘ၀မှာတော့ ချစ်သူ့ 

မင်းနဲ့ချစ်ခွင့်ရတာ ငါကံကောင်းတယ်

တကယ်ဆိုရင် မင်းဟာ

အလုပ်နဲ့ကျောင်း မအားလပ်ပေမယ့်

ငါ့အပေါ်ကိုလည်း မင်းဂရုစိုက်တယ်

ကိုယ့်ဘ၀မှာ ယုံကြည်ပြီးစွဲလမ်းမိတာကတော့

မင်းရဲ့ မာယာမပါတဲ့စကားလုံးတွေနဲ့

ရိုးသားပွင့်လင်းမူကိုပဲချစ်သူ့  ။

ချစ်သူရေ မင်းရဲ့စကားတွေအန်ကျတိုင့်း့ 

အမှန်တရားတွေချည်းဖြစ်နေလို့

မင်းစကားတွေဟာအပြစ်ကင်းလှပေါ့

မင်းလိုပွင့်လင်းတဲ့ချစ်သူ

နောက်တယောက်ရှိခဲ့ရင်တောင်

ရှားမှရှားပဲဖြစ်လိမ့်မယ် ချစ်သူ့  ။

ဘ၀ဖြတ်သန်းမူတွေကထူးဆန်းလွန်းတော့ 

မင်းရဲ့စကားလုံးတွေအပေါ်

ရူးသွပ်ခဲ့ရပေါ့

ဘာကြောင့်ရယ်များ မင်းငါ့အပေါ်ကို

ပွင့်လင်းပြီးရင်းပွင့်လင်း

ရိုးသားပြီးရင်ရိုးသားပြနေရတာလဲ ချစ်သူ

လူ့ဘ၀အဖြစ်တွေကဆန်းပြား

ငါရှာနေတာကလည်းအချစ်စစ်တခုပေမို့

တခါက ပုလဲမျက်ရည်များစွာခခဲ့ရတဲ့

မင်းရဲ့  ပုလဲမျက်ရည်သက်သေများစွာနဲ့

ငါဟာ အချစ်စစ်တခုကို ရှာတွေ့ခဲ့ပြီပေါ့

တကယ်လို့ပေါ့ ချစ်သူ

မင်းလိုအချစ်မျိုး နောက်တယောက်ရှာတွေ့ခဲ့ရင်တောင်

မင်းလောက်ကိုယ့်အပေါ် ဂရုစိုက်တဲ့ချစ်သူ

နောက်တယောက် မရှိနိုင်တော့ဘူးနော့့်  ။


   ““ပုံရိပ်စစ်””ကဗျာကိုဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်... 

Tuesday, June 15, 2010

မမ ဖတ်ဖို့ အလွမ်းကဗျာ

(၁)
မမ....
အချစ်ငတ်သူမို့...
ပြစ်ဖွဲ့ကာ မငြူစူပါနဲ့..
ကျွန်တော့်ကို သနား...
အကြင်နာလေးတော့ ..ထားပါနော်....။

(၂)
တစ်ခါတစ်ခါ
မမ..ရဲ့ ဥပေက္ခာ....
ရင်ထဲမှာ နာကျင်ရတာမို့..
ကျွန်တော့်မှာ အသက်ရှူကြပ်....
နှလုံးသွေးတောင်..ရပ်မတတ်ပေါ့.....။

(၃)
ပက်ကြားတွေအက်နေတဲ့...
ကျွန်တော့်ရင်ခွင်..မိုးနည်းရပ်ဝန်းအတွက်...
ရှင်သန်မှုပေးစွမ်း....
မမ..မေတ္တာရေ
သွန်းဖျန်းပါ .....။

(၄)
လရောင်ဆမ်းမှ...
ပွင့်လန်းရတဲ့ ကြာပန်းလို....
မမရဲ့...
အကြင်နာ..လရိပ်အောက်မှာ..
ကျွန်တော်က...
တစ်ရေးအိပ်ချင်သူလေ......။

(၆)
ဘာလုပ်လုပ်...ဘာကိုင်ကိုင်...
အကြောင်းတိုက်ဆိုင်တိုင်း....
မမ..ကိုသာ..သတိရ့...
ရင်နှင့် အမျှပါပဲ.....။

သိပ်ချစ်တယ် မမရယ် ♥♥♥