ဇော်ဝင်းထွဋ် သိချင်းများစုစည်းရာ

““ပုံရိပ်စစ်””ဘလော့ဂါမှ သီချင်းနားဆင်ခြင်းဖြင့်အပန်းဖြေပါ.....


MusicPlaylistRingtones
Create a MySpace Music Playlist at MixPod.com

Tuesday, June 15, 2010

¤ နောက်တယောက်မရှိနိုင်ဘူး ¤

 ““ပုံရိပ်စစ်””မှကြိုဆိုပါတယ်....        ““ပုံရိပ်စစ်””မှကြိုဆိုပါတယ်.... 


ကျွန်တော့်ရဲ့ အချစ်ဇာတ်လမ်းလေးပါ
ချစ်တာတွေပြောရတာအားမရလို့

တခါတလေမှာ ငါ့စကားလုံးတွေ

ကဗျာတွေအဖြစ်နဲ့ထွက်ကျ

မင်းကိုတမ်းတမ်းတတချစ်ခဲ့မိလို့

အဲ့ဒီကဗျာတွေဟာ ငါ့ဘ၀မှာ

ပထမဆုံးရူးသွပ်ခြင်း

လက်တွေ့အချစ်ကဗျာတွေပါ ချစ်သူ့  ။

မကြုံဖူးတာတွေက အသစ်အဆန်းဖြစ်နေလို့ 

ငါ့ဘ၀မှာ မင်းနဲ့တွေ့တောမှ

ထူးဆန်းနေရပြီပေါ့ ချစ်သူ

မင်းစကားတွေကကြည်လင်ရွှင်ပြ

ငါ့ကိုလည်း ပွင့်လင်းသပ

မင်းအပြုံးလေးတွေလည်း

ရဲရင့်နေဆဲပေမို့

မင်းပြုံးရီလိုက်တိုင်း

မင်းသွားလှလှလေးတွေက ဖွေးအုနေဆဲပဲ့  ။

ဒီဘ၀မှာတော့ ချစ်သူ့ 

မင်းနဲ့ချစ်ခွင့်ရတာ ငါကံကောင်းတယ်

တကယ်ဆိုရင် မင်းဟာ

အလုပ်နဲ့ကျောင်း မအားလပ်ပေမယ့်

ငါ့အပေါ်ကိုလည်း မင်းဂရုစိုက်တယ်

ကိုယ့်ဘ၀မှာ ယုံကြည်ပြီးစွဲလမ်းမိတာကတော့

မင်းရဲ့ မာယာမပါတဲ့စကားလုံးတွေနဲ့

ရိုးသားပွင့်လင်းမူကိုပဲချစ်သူ့  ။

ချစ်သူရေ မင်းရဲ့စကားတွေအန်ကျတိုင့်း့ 

အမှန်တရားတွေချည်းဖြစ်နေလို့

မင်းစကားတွေဟာအပြစ်ကင်းလှပေါ့

မင်းလိုပွင့်လင်းတဲ့ချစ်သူ

နောက်တယောက်ရှိခဲ့ရင်တောင်

ရှားမှရှားပဲဖြစ်လိမ့်မယ် ချစ်သူ့  ။

ဘ၀ဖြတ်သန်းမူတွေကထူးဆန်းလွန်းတော့ 

မင်းရဲ့စကားလုံးတွေအပေါ်

ရူးသွပ်ခဲ့ရပေါ့

ဘာကြောင့်ရယ်များ မင်းငါ့အပေါ်ကို

ပွင့်လင်းပြီးရင်းပွင့်လင်း

ရိုးသားပြီးရင်ရိုးသားပြနေရတာလဲ ချစ်သူ

လူ့ဘ၀အဖြစ်တွေကဆန်းပြား

ငါရှာနေတာကလည်းအချစ်စစ်တခုပေမို့

တခါက ပုလဲမျက်ရည်များစွာခခဲ့ရတဲ့

မင်းရဲ့  ပုလဲမျက်ရည်သက်သေများစွာနဲ့

ငါဟာ အချစ်စစ်တခုကို ရှာတွေ့ခဲ့ပြီပေါ့

တကယ်လို့ပေါ့ ချစ်သူ

မင်းလိုအချစ်မျိုး နောက်တယောက်ရှာတွေ့ခဲ့ရင်တောင်

မင်းလောက်ကိုယ့်အပေါ် ဂရုစိုက်တဲ့ချစ်သူ

နောက်တယောက် မရှိနိုင်တော့ဘူးနော့့်  ။


   ““ပုံရိပ်စစ်””ကဗျာကိုဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်... 

0 comments:

Post a Comment